
ကျန်းမာရေး
ကင်ဆာစစ်မယ့်သူတွေ သိထားသင့်တဲ့ အူမကြီးကင်ဆာ လက္ခဏာ ၅ ခု 🚨
✍️ Dr. Zin Min Tun3/29/2026📖 2 min ဖတ်ရန်
ကင်ဆာစစ်မယ့်သူတွေ သိထားသင့်တဲ့ အူမကြီးကင်ဆာ လက္ခဏာ ၅ ခု 🚨
ဝမ်းသွားတဲ့အခါ သွေးပါလာရင် ... ရိုးရိုးသာမာန်လိပ်ခေါင်း လို့ ပဲ အမြဲ မထင်ပါနဲ့။
မြန်မာလူမျိုးတွေမှာ အူမကြီးကင်ဆာက အဖြစ်အများဆုံး ကင်ဆာ ၅ မျိုးထဲမှာ ပါဝင်နေပါတယ်။
အထူးသဖြင့် အသက် ၄၅ နှစ်အထက် အမျိုးသား၊ အမျိုးသမီး နှစ်မျိုးစလုံးမှာ ဖြစ်နိုင်ခြေ မြင့်မားပါတယ်။
⚠️ ဒီလက္ခဏာတွေ သတိထားပါ:
🔴 ဝမ်းသွားတဲ့အခါ သွေးပါခြင်း (အနီရောင် သို့ အနက်ရောင်)
🔴 ဝမ်းချုပ်/ဝမ်းလျှော ပုံမှန်မဟုတ်ဘဲ ပြောင်းလဲလာခြင်း
🔴 ဝမ်းအပြည့်မသွားရသလို ခံစားရခြင်း
🔴 ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်း ဆက်တိုက်ဖြစ်ခြင်း
🔴 ကိုယ်အလေးချိန် အကြောင်းမဲ့ ကျဆင်းခြင်း
=====================
💡 သင်သိပါသလား?
အူမကြီးကင်ဆာကို အစောပိုင်း Stage 1 မှာ တွေ့ရင် ၉၀% ကျော် အသက်ရှင်နိုင်ပါတယ်။ နောက်ကျမှ တွေ့ရင်တော့ ၁၀% သာ ရှိတော့ပါတယ်။
စစ်ဆေးဖို့ နောက်မကျပါစေနဲ့။
⚕️ ကျွန်တော်က ကင်ဆာအထူးကုဆရာဝန် မဟုတ်ပါဘူး၊ သာမာန်ဆရာဝန်တစ်ယောက်ပါ။ ထိုင်းနိုင်ငံ ( ချင်းမိုင်/ဘန်ကောက် ) မှာ ကင်ဆာနဲ့ပတ်သက်ပြီး ဆေးကု/ဆေးစစ်ချင်တဲ့သူတွေအတွက် ဝန်ဆောင်မှုပေးနေတဲ့သူပါ။