ပင်မ/ဆောင်းပါး/ထိုင်းမှာ ဆေးစစ်ဖို့ စဉ်းစားနေသူတွေ ဒီ Data ကို ကြည့်ပါ 👇
ထိုင်းမှာ ဆေးစစ်ဖို့ စဉ်းစားနေသူတွေ ဒီ Data ကို ကြည့်ပါ 👇
ကျန်းမာရေး

ထိုင်းမှာ ဆေးစစ်ဖို့ စဉ်းစားနေသူတွေ ဒီ Data ကို ကြည့်ပါ 👇

✍️ Dr. Zin Min Tun3/29/2026📖 2 min ဖတ်ရန်
ထိုင်းမှာ ဆေးစစ်ဖို့ စဉ်းစားနေသူတွေ ဒီ Data ကို ကြည့်ပါ 👇 ကင်ဆာ တစ်မျိုး ရှိပါတယ် — လက္ခဏာ မပြဘူး။ နာကျင်မှု မရှိဘူး။ သိလိုက်ချိန်မှာ နောက်ကျနေပြီ 😔 သူ့နာမည်က — အူမကြီးကင်ဆာ (Colorectal Cancer) "Silent Killer" လို့ ခေါ်ပါတယ်။ 🇲🇲 မြန်မာ့ ကိန်းဂဏန်း (GLOBOCAN 2022) — 📌 ၂၀၂၂ တစ်နှစ်တည်းမှာ အူမကြီးကင်ဆာ အသစ် ၂,၇၀၉ ဦး 📌 အမျိုးသားတွေမှာ အဖြစ်များဆုံး ကင်ဆာ Top 5 ထဲ ပါဝင် 📌 ရန်ကုန် လေ့လာချက်အရ — လူနာတွေရဲ့ 34% က အသက် ၄၀ အောက် ကမ္ဘာ့ပျမ်းမျှ က ၃% ပဲ ရှိတာမှာ… မြန်မာမှာ ၁၀ ဆကျော် ပိုများ တယ်ဆိုတာ ထိတ်လန့်စရာပါ 🚨 ပြီးတော့ ဒီဂဏန်း ကို ကြည့်ပါ — 🟢 Stage 1 မှာ တွေ့ရင် → 90% အသက်ရှင် 🔴 Stage 4 မှာ တွေ့ရင် → 10% ပဲ အသက်ရှင် တူညီတဲ့ ရောဂါပါပဲ။ ဘယ်အချိန် တွေ့သလဲ ဆိုတာက အသက် ကို ဆုံးဖြတ်ပါတယ်။ "ငါ ငယ်သေးတယ်၊ ကင်ဆာ မဖြစ်နိုင်ဘူး" ဆိုတဲ့ အတွေးက — အန္တရာယ် အကြီးဆုံး အတွေး ပါ။ ⚕️ ကျနော် ကင်ဆာ အထူးကု ဆရာဝန်မဟုတ်ပါဘူး ၊ သာမာန် ဆရာဝန်တစ်ယောက်ပါ။ ထိုင်းနိုင်ငံမှာ ကင်ဆာ နဲ့ပတ်သက်ပြီး ဆေးကု/ဆေးစစ် ချင်တဲ့ သူတွေ အတွက် ဝန်ဆောင်မှု ပေးနေတဲ့ သူပါ။

ကျန်းမာရေး စစ်ဆေးချင်ပါသလား?

MediTour မှတဆင့် စီစဉ်ပေးပါမယ်

💬 Messenger မှာ ဆက်သွယ်ပါ