ပင်မ/ဆောင်းပါး/အသည်းရောင် အသားဝါ B ပိုးရှိတဲ့ ၁၀ ယောက်မှာ ၁ ယောက် — အသည်းကင်ဆာ ဖြစ်နိုင်တယ်ဆိုတာ သိပါသလား?
အသည်းရောင် အသားဝါ B ပိုးရှိတဲ့ ၁၀ ယောက်မှာ ၁ ယောက် — အသည်းကင်ဆာ ဖြစ်နိုင်တယ်ဆိုတာ သိပါသလား?
ကျန်းမာရေး

အသည်းရောင် အသားဝါ B ပိုးရှိတဲ့ ၁၀ ယောက်မှာ ၁ ယောက် — အသည်းကင်ဆာ ဖြစ်နိုင်တယ်ဆိုတာ သိပါသလား?

✍️ Dr. Zin Min Tun3/29/2026📖 3 min ဖတ်ရန်
အသည်းရောင် အသားဝါ B ပိုးရှိတဲ့ ၁၀ ယောက်မှာ ၁ ယောက် — အသည်းကင်ဆာ ဖြစ်နိုင်တယ်ဆိုတာ သိပါသလား? "ကိုယ်ကနေကောင်းနေတယ်... ဘာမှ မခံစားရဘူး" — ဒီစကားကြောင့်ပဲ အသည်းကင်ဆာ ဖြစ်တဲ့သူ အများစုက နောက်ကျမှ သိကြပါတယ်။ မြန်မာပြည်မှာ အသည်းရောင် အသားဝါ Hepatitis B ပိုးကူးစက်မှု အဖြစ်များပါတယ်။ ဒီပိုးက အသည်းမှာ တိတ်တဆိတ် ကျန်ရှိနေပြီး နှစ်ပေါင်းများစွာ ကြာတဲ့အခါ — 🔴 Hepatitis B ပိုး → Liver Cirrhosis (အသည်းခြောက်) → Liver Cancer (အသည်းကင်ဆာ) ဒီ ပုံစံ က မြန်မာလူမျိုးတွေမှာ အဖြစ်အများဆုံးပါ။ ─── အသည်းကင်ဆာ က အဆင့်ပေါ်မူတည်ပြီး ကွာခြားသွားပါတယ် ။ Stage 1-2 (သေးငယ်တဲ့ အဆင့်) — စောစောတွေ့ပြီး ကုသနိုင်ရင် ၅ နှစ် အသက်ရှည်နှုန်း 36% ကျော် Stage 3-4 (ကျဲ့ပြန့်သွားပြီ) — ၅ နှစ် အသက်ရှည်နှုန်း 3% ပဲ ရှိတော့တယ် ကွာခြားချက် ၁၀ ဆ — ပြောင်းလဲချင်ရင် စောစောစစ်မှ ရပါတယ်။ ─── ဘယ်သူတွေ အသည်း ကင််ဆာ စစ်ဆေးသင့်လဲ ဆိုရင် .... ဒီ group ထဲက ကိုယ်က ပါနေရင် စစ်ဆေးဖို့ အရေးကြီးပါတယ် — ✅ အသည်းရောင် အသားဝါ B သို့မဟုတ် C ပိုး ရှိနေသူ ✅ အသည်းဆိုင်ရာ ရောဂါ ရှိသူ ✅ မိသားစုထဲမှာ အသည်းကင်ဆာ ရှိဖူးသူ ✅ အဝလွန်ပြီး ဆီးချိုပါရှိတဲ့ သူ ✅ ၅ နှစ်ကျော် အရက် နေ့တိုင်း သောက်တတ်သူ ✅ အသက် ၄၀ ကျော်သူ ─── ကိုယ်က ထိုင်းနိုင်ငံမှာ ဆေးစစ်ချင်တယ် ဆိုရင် ချင်းမိုင် RAM ဆေးရုံမှာ အသည်းကင်ဆာ ကြိုတင်စစ်ဆေးမှု package ရှိပါတယ် — 💉 Liver Cancer + Fatty Liver Screening Package 📍 ချင်းမိုင် RAM ဆေးရုံ 💰 9,590 ဘတ် (မြန်မာကျပ်1,246,700 ကျပ်ခန့်) ပါဝင်တာတွေက — • Fibroscan (အသည်းမာကြောမှု တိုင်းတာ) • Liver Cancer ဖြစ်နိုင်ချေ သွေးစစ် (AFP) • အသည်းလုပ်ဆောင်ချက် စစ်ဆေးခြင်း • ဆရာဝန်နဲ့ တိုက်ရိုက် ဆွေးနွေးမှု • ၆ လ တစ်ကြိမ် x ၄ ကြိမ် ပက်ကေ့ ဒါမှမဟုတ် — Liver Scan တစ်ကြိမ်ပဲ စစ်မယ်ဆိုရင် 💰 2,500 ဘတ် (မြန်မာကျပ် 325,000 ကျပ်ခန့်) ပဲ ကုန်ပါတယ် ─── မေးလေ့ မေးထ မေးခွန်းတွေ Q: ကိုယ်ကျန်းမာနေတာ — စစ်ဖို့ လိုသေးသလား? A: လိုပါတယ် — အသည်းကင်ဆာ ပထမ stage တွင် လက္ခဏာ မပြပါ။ "နေလို့ကောင်းနေတယ်" ဆိုတာ ကင်ဆာ မရှိဘူးဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါ။ Q: Hepatitis B ပိုး ရှိတယ်ဆိုတာ ကင်ဆာ ဖြစ်မှာ သေချာသလား? A: မသေချာပါ — ဒါပေမဲ့ risk ဆယ်ဆ မြင့်ပါတယ်။ ၆ လ တစ်ကြိမ် ultrasound + AFP စစ်ပေးရင် early stage မှာ ဖမ်းမိနိုင်တယ်။ Q: ဆေးရုံကို ဘာသာပြန် ရှိမလား? A: MediTour ကနေ မြန်မာဘာသာပြန် အခမဲ့ စီစဉ်ပေးပါတယ်။ ─── ကျနော့်အကြံပေးချက် Hepatitis B ပိုးရှိတဲ့ အကို၊ ညီမ၊ အစ်မ တွေ — ၆ လ တစ်ကြိမ် မပျက်မကွက် စစ်ဆေးသင့်ပါတယ်။ ဒါဟာ recommendation မဟုတ်ဘဲ WHO လမ်းညွှန်ချက် ဖြစ်ပါတယ်။ "ကျနော်တို့ နေ့တိုင်း အသည်းကင်ဆာ ဖြစ်တဲ့ case တွေ တွေ့နေရတယ် — နောက်ကျတဲ့ stage မှ ရောက်လာတာတွေ အများကြီး ပါ" နောက်မကျပါစေနဲ့ 🙏 ─── 🏥 ထိုင်းမှာ ဆေးစစ်/ဆေးကုချင်ရင် MediTour ကနေ ကူညီပေးပါမယ် — ✅ ချင်းမိုင် / ဘန်ကောက် ဆေးရုံကောင်းတွေနဲ့ ချိတ်ဆက်ပေး ✅ မြန်မာဘာသာပြန် အခမဲ့ စီစဉ်ပေး ✅ Report ရှင်းပြ + ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို မြန်မာလိုဖြင့် ပြန်ချပေး ✅ ချင်းမိုင်ဆိုရင် ကျနော် ကိုယ်တိုင် ဆေးရုံအထိ လိုအပ်ရင် လိုက်ပေးနေပါတယ် 📩 Messenger မှာ ဆက်သွယ်ပါ — ကျနော် ပြန်ဆက်သွယ်ပေးပါမယ်

ကျန်းမာရေး စစ်ဆေးချင်ပါသလား?

MediTour မှတဆင့် စီစဉ်ပေးပါမယ်

💬 Messenger မှာ ဆက်သွယ်ပါ