အူမကြီးမှန်ပြောင်း Colonoscopy စစ်ချင်တဲ့ သူတွေ — ဈေးနှုန်း + ပြင်ဆင်ရမယ့်အချက်
ချင်းမိုင်း/ဘန်ကောက် မှာ အူမကြီးမှန်ပြောင်း Colonoscopy စစ်ချင်တဲ့ သူတွေ — ဈေးနှုန်း + ပြင်ဆင်ရမယ့်အချက် အားလုံး ဒီမှာပါ 👇
အရင် post တွေမှာ အူမကြီးကင်ဆာ ရဲ့ အန္တရာယ် နဲ့ Colonoscopy စစ်ဆေးခြင်းရဲ့ အရေးပါမှု ကို ပြောခဲ့ပြီးပါပြီ။
ဒီနေ့ ကတော့ လက်တွေ့ အသုံးဝင်မယ့် အချက်တွေ ပြောပါမယ် —
ဘယ်လောက် ကုန်မလဲ? ဘယ်လို ပြင်ဆင်ရမလဲ? ဘယ်နှစ်ရက် နေရမလဲ?
━━━━━━━━━━━━━━━━━━
💰 ထိုင်းမှာ အူမကြီးမှန်ပြောင်း Colonoscopy စစ်ရင် ဘယ်လောက် ကုန်မလဲ?
ကျနော် ကိုယ်တိုင် ဆေးရုံတွေနဲ့ ဆက်သွယ်ပြီး ရထားတဲ့ 2026 Updated ဈေးနှုန်း တွေပါ —
🏥 ချင်းမိုင်း က ဆေးရုံများ
✅ Bangkok Hospital Chiang Mai — 22,000 ဘတ် (ခန့်မှန်း ၂၈.၆ သိန်းကျပ်)။ Under Monitor Anesthesia Care (MAC) ပါပြီးဖြစ်လို့ မေ့ဆေး ဆရာဝန် ကြီးကြပ်မှု အောက်မှာ စိတ်ချလက်ချ စစ်ဆေးနိုင်ပါတယ်။ JCI Accredited ဖြစ်ပြီး BDMS Network (ထိုင်းအကြီးဆုံး ဆေးရုံကွန်ယက်) အောက်မှာ ရှိပါတယ်။
✅ Chiang Mai RAM Hospital — 28,000 ဘတ် (ခန့်မှန်း ၃၆.၄ သိန်းကျပ်)။ ဆရာဝန်ခ နဲ့ ဆေးရုံဝန်ဆောင်ခ အားလုံး ပါပြီးသား ဖြစ်ပါတယ်။ မြောက်ပိုင်းထိုင်းမှာ JCI ရတဲ့ ပထမဆုံးဆေးရုံ ဖြစ်ပြီး မြန်မာလူနာတွေကို အတွေ့အကြုံ အရှိဆုံး ဆေးရုံ ဖြစ်ပါတယ်။
=================
🏥 ဘန်ကောက် ရှိ ဆေးရုံများ
✅ Phyathai Nawamin Hospital — 22,900 ဘတ် (ခန့်မှန်း ၂၉.၈ သိန်းကျပ်)။ ဆရာဝန်ခ၊ သူနာပြုခ နဲ့ ဆေးရုံဝန်ဆောင်ခ အားလုံး ပါပြီးသား ဖြစ်လို့ ဘန်ကောက်မှာ All-inclusive ဈေးအကောင်းဆုံးပါ။
✅ Ruamjairak Hospital — 22,750 ဘတ် (ခန့်မှန်း ၂၉.၆ သိန်းကျပ်)။ ⚠️ ဒါပေမယ့် ဒီဈေးမှာ ဆရာဝန်ခ နဲ့ ဆေးရုံဝန်ဆောင်ခ မပါသေး ပါဘူး။ စျေးသက်သာပုံ ပေါ်ပေမယ့် စုစုပေါင်း ပိုကုန်နိုင်ပါတယ်။ ဈေးယှဉ်တဲ့အခါ "ဘာတွေ ပါလဲ" ဆိုတာ အမြဲ မေးပါ 💡
━━━━━━━━━━━━━━━━━━
📋 Colonoscopy မစစ်ခင် ပြင်ဆင်ရမယ့် အချက်များ
Colonoscopy စစ်ဖို့ ကြိုတင်ပြင်ဆင်မှု က အရေးကြီးပါတယ်။ ဒီအဆင့်တွေ မှန်မှ ရလဒ် တိကျမှာ ဖြစ်ပါတယ်။
🗓️ စစ်ခါနီး ၃ ရက် —
အစေ့အဆန်ပါတဲ့ အသီးအနှံတွေ (ဂွမ်းသီး၊ စပျစ်သီး) ရှောင်ပါ။ ပြောင်းဖူး၊ ဟင်းနုနယ်ကြမ်း ရှောင်ပါ။ အနီရောင်/ခရမ်းရောင် အရည် မသောက်ပါနဲ့။ ဒီအရာတွေက စစ်ဆေးတဲ့အခါ Camera view ကို ပိတ်ဆို့နိုင်လို့ ရှောင်ရတာ ဖြစ်ပါတယ်။
🗓️ စစ်ခါနီး ၁ ရက် —
ဆေးရုံက ပေးတဲ့ ဝမ်းနှုတ်ဆေးရည် (Laxative Solution) ကို သောက်ရပါမယ်။ ဒါက အူထဲမှာ ကျန်နေတဲ့ အရာတွေ အကုန် သန့်စင်ပေးဖို့ ပါ။ ထမင်း/ခေါက်ဆွဲ/အစားအစာ မစားရပါဘူး။ ရေကြည်၊ ဟင်းရည်ကြည်၊ Apple juice ပဲ သောက်ရပါမယ်။ ရေ များများ သောက်ပါ — Dehydration မဖြစ်အောင် အရေးကြီးပါတယ်။
⚠️ အရေးကြီးတဲ့ သတိပေးချက် — သွေးကျဲဆေး (Aspirin/Warfarin) သောက်နေသူ ဖြစ်ဖြစ်၊ ဆီးချိုဆေး သောက်နေသူ ဖြစ်ဖြစ် ဆရာဝန်ကို ကြိုတင် ပြောပါ။ Dose adjustment လိုနိုင်ပါတယ်။ ကိုယ့်ဘာသာ ဆေးမရပ်ပါနဲ့ — ဆရာဝန် အကြံပြုချက်အတိုင်း လိုက်နာပါ။
🗓️ စစ်တဲ့ နေ့ —
အိပ်ဆေး (Sedation/MAC) ပေးပြီးမှ စစ်တာ ဖြစ်လို့ နာကျင်မှု မရှိပါဘူး 💤။ စစ်ချိန် မိနစ် ၃၀ - ၁ နာရီ ပဲ ကြာပါတယ်။ Polyp (အသားပိုတက်ခြင်း) တွေ့ရင် စစ်ရင်းနဲ့ပဲ ဖြတ်ထုတ်ပေးပါတယ် — ထပ်ခွဲစရာ မလိုပါဘူး။ စစ်ပြီးရင် ၁-၂ နာရီ နားပြီး ပြန်လို့ ရပါတယ်။
⚠️ ဒါပေမယ့် အိပ်ဆေး ပေးထားတာကြောင့် ကိုယ်တိုင် ကား မမောင်းရပါဘူး — တစ်ယောက်ယောက် လိုက်ပို့ပေးပါ။
🗓️ စစ်ပြီးရင် —
ဗိုက်ထဲ လေထိုးသလို ခံစားရနိုင်ပါတယ် — ဒါ ပုံမှန်ပါ၊ စိတ်မပူပါနဲ့။ ၂ နာရီလောက်ကြာရင် ပေါ့ပေါ့ပါးပါး စားလို့ ရပါပြီ။ Biopsy ယူထားရင် ရလဒ်ကို ၃-၅ ရက် အတွင်း ပြန်ရပါတယ်။ နောက်တစ်နေ့ ပုံမှန်အတိုင်း ပြန်လုပ်နိုင်ပါတယ်။ ဒါပေမယ့် ဗိုက်အရမ်းနာခြင်း (သို့) သွေးအများကြီးထွက်ခြင်း ရှိရင် ဆရာဝန်ကို ချက်ချင်း ပြောပါ။
━━━━━━━━━━━━━━━━━━
📌 ချင်းမိုင်း မှာ စစ်မယ်ဆိုရင် ဘယ်နှစ်ရက် နေရမလဲ?
၂ ရက် ဆို လုံလောက်ပါတယ်။
Day 1 — ချင်းမိုင်း ရောက်ပြီး ညမှာ Bowel Prep (အူသန့်စင်ခြင်း) လုပ်ပါ။
Day 2 — နံနက် Colonoscopy စစ်ပြီး ညနေမှာ ပြန်ခရီးထွက်လို့ ရပါပြီ။
ချင်းမိုင်း ကို ဘန်ကောက်ကနေ လေယာဉ် ၁ နာရီ ပဲ ကြာပါတယ်။ မြဝတီ/မဲဆောက် နယ်စပ်ကနေ ဆို ကားနဲ့ ၅-၆ နာရီ ပါ 🚗
━━━━━━━━━━━━━━━━━━
🏥 ဘယ်ဆေးရုံ ရွေးရမလဲ?
ကျနော့် အကြံပြုချက် အနေနဲ့ — ဈေးနှုန်း နဲ့ အရည်အသွေး ယှဉ်ရင် Bangkok Hospital Chiang Mai (22,000 ဘတ်) က အကောင်းဆုံးပါ။ JCI Accredited ဖြစ်ပြီး၊ ချင်းမိုင်းမှာ ဈေးအသက်သာဆုံး ဖြစ်ပါတယ်။
မြန်မာလူနာ အတွေ့အကြုံ အရှိဆုံး ဆေးရုံ ဆိုရင် Chiang Mai RAM Hospital ကို ရွေးလို့ ရပါတယ်။ ဈေး ပိုများပေမယ့် မြန်မာစကားပြန် ဝန်ဆောင်မှု အကောင်းဆုံး ဖြစ်ပါတယ်။
ဘန်ကောက်မှာ စစ်ချင်ရင် Phyathai Nawamin (22,900 ဘတ် All-inclusive) က ဈေးအကောင်းဆုံးပါ။
ဆေးရုံ အားလုံးမှာ မြန်မာစကားပြန် ဝန်ဆောင်မှု ရှိပါတယ် 🇲🇲🇹🇭
━━━━━━━━━━━━━━━━━━
ရက်ချိန်းယူခြင်း၊ ဆေးရုံ လမ်းညွှန်ခြင်း၊ မြန်မာစကားပြန် — MediTour ကနေ အားလုံး အခမဲ့ စီစဉ်ပေးပါတယ် 🤝
ကိုယ့်အတွက် ဘယ်ဆေးရုံ အသင့်တော်ဆုံးလဲ မသေချာရင် — message ပို့ပြီး မေးလိုက်ပါ။ ကျနော် ကိုယ်တိုင် အကြံပေးပါမယ်။
ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါ။ နောက်မကျပါစေနဲ့ 🙏
━━━━━━━━━━━━━━━━━━
⚕️ ကျနော် ကင်ဆာ အထူးကု ဆရာဝန်မဟုတ်ပါဘူး ၊ သာမာန် ဆရာဝန်တစ်ယောက်ပါ။ ထိုင်းနိုင်ငံမှာ ကင်ဆာ နဲ့ပတ်သက်ပြီး ဆေးကု/ဆေးစစ် ချင်တဲ့ သူတွေ အတွက် ဝန်ဆောင်မှု ပေးနေတဲ့ သူပါ။ ━━━━━━━━━━━━━━━━━━
#Colonoscopy #ColonoscopyThailand #ချင်းမိုင်းဆေးရုံ #ထိုင်းဆေးကုသမှု #MediTour #DrTun #BangkokHospitalChiangMai #RAMHospital #PhyathaiNawamin #ColonCancerScreening #HealthCheckupThailand #MedicalTourismThailand #အူမကြီးကင်ဆာ #မြန်မာကျန်းမာရေး