🩺 ထိုင်းနိုင်ငံမှာ ဆေးစစ်မယ့်သူတွေ မဖြစ်မနေ သိထားသင့်တဲ့ အစာအိမ်ကင်ဆာ အကြောင်း
အစာအိမ်နာတာ ၊ အစာမကြေတာ ၊ ရင်ပူတာတွေကို "ဆေးဆိုင်မှာ ဆေးဝယ်သောက်လိုက်တာနဲ့ ပျောက်သွားတယ်" ဆိုပြီး လျစ်လျူရှုနေတဲ့ မြန်မာလူမျိုးတွေ အများကြီးပါ။
ဒါပေမယ့် တစ်ခုခု သိထားစေချင်ပါတယ်...
အစာအိမ်ကင်ဆာ (Gastric Cancer) ဟာ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ကင်ဆာ ၅ မျိုးထဲမှာ ပါဝင်နေပြီး၊ အထူးသဖြင့် အာရှသားတွေမှာ ပိုဖြစ်တတ်ပါတယ်။
🔴 အစာအိမ်ကင်ဆာရဲ့ ကြောက်စရာကောင်းတဲ့ အချက်
အစာအိမ်ကင်ဆာကို အသံတိတ် လူ 6_သ_တ် သမား လို့ ခေါ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့...
အစောပိုင်းမှာ လက္ခဏာ မပြတတ်ပါဘူး (သို့) သာမာန် အစာမကြေတာနဲ့ တူနေတတ်ပါတယ်
လူနာ 70-80% က ရောဂါ နောက်ကျမှ (Stage 3, 4) မှာမှ ဆရာဝန်ဆီရောက်လာကြပါတယ်
အစောပိုင်း (Stage 1) မှာ တွေ့ရင် ၅ နှစ် အသက်ရှင်နှုန်း 90% ကျော်ပါတယ်
နောက်ကျမှ (Stage 4) မှာ တွေ့ရင် ၅ နှစ် အသက်ရှင်နှုန်း 5-10% ပဲ ရှိတော့ပါတယ်
ဒါကြောင့် အစောပိုင်းစစ်ဆေးတွေ့ရှိဖို့က အသက်ကယ်ပေးနိုင်ပါတယ်။
🎯 ဘယ်သူတွေ အန္တရာယ် ပိုများလဲ?
အောက်ပါအချက်တွေ ရှိရင် Gastroscopy (အစာအိမ်မှန်ပြောင်း) စစ်ဆေးဖို့ စဉ်းစားသင့်ပါပြီ...
✅ အသက် 40 နှစ်အထက်
✅ မိသားစုမှာ အစာအိမ်ကင်ဆာ ဖြစ်ဖူးသူ ရှိခဲ့ရင်
✅ H. pylori ပိုး ရှိဖူးသူ (မြန်မာနိုင်ငံမှာ လူဦးရေ 50% ကျော် ဒီပိုးရှိနေကြပါတယ်)
✅ အစာအိမ်နာ၊ အစာမကြေ၊ ရင်ပူ နှစ်ရှည်လများ ခံစားနေရသူ
✅ ဆေးလိပ်သောက်သူ၊ အရက်များများသောက်သူ
✅ ပူစပ်တဲ့အစားအစာ၊ အသားကင်၊ ခရမ်းချဉ်သီးငါးပိရည် စသည်တို့ကို များများစားသူ
✅ ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်းနေသူ
✅ သွေးအန်ဖူးသူ၊ ဝမ်းမဲမဲသွားဖူးသူ
🔬 Gastroscopy (အစာအိမ်မှန်ပြောင်း) ဆိုတာ ဘာလဲ?
Gastroscopy (အစာအိမ်မှန်ပြောင်း) ဆိုတာ ပါးလွှာပြီး ကင်မရာပါတဲ့ ပိုက်ကို ပါးစပ်ကနေ ထည့်ပြီး...
အစာရေမျိုပြွန် (Esophagus)
အစာအိမ် (Stomach)
အူသိမ်အစပိုင်း (Duodenum)
...တို့ကို တိုက်ရိုက် ကြည့်ရှုစစ်ဆေးတဲ့ နည်းလမ်းပါ။
စစ်ဆေးချိန် ➔ 15-30 မိနစ် ခန့်သာ ကြာပါတယ်
အိပ်ဆေးပေး ➔ မအိပ်ချင်သူအတွက် local anesthesia (လည်ချောင်းထုံဆေး) ပဲပေးပြီး စစ်နိုင်ပါတယ်
ထိခိုက်မှု ➔ ခွဲစိတ်ဒဏ်ရာ မရှိပါဘူး
✨ Gastroscopy နဲ့ ဘာတွေ တွေ့နိုင်လဲ?
Gastritis (အစာအိမ်ရောင်ရမ်းခြင်း)
Peptic Ulcer (အစာအိမ်အနာ)
H. pylori infection (အစာအိမ်ပိုးကူးစက်ခြင်း ရှိ/မရှိ)
Polyps (အသားပိုများ - ကင်ဆာ မဖြစ်ခင် အဆင့်)
Early Gastric Cancer (အစောပိုင်း အစာအိမ်ကင်ဆာ)
GERD/Reflux (အက်ဆစ်ပြန်တက်ခြင်း)
အရေးကြီးဆုံးက ➔ စစ်တုန်းမှာပဲ သံသယဖြစ်ဖွယ် တွေ့ရင် Biopsy (အသားစ တစ်ရှူးနမူနာ) ယူပြီး ကင်ဆာစစ်နိုင်ပါတယ်။
💰 ထိုင်းနိုင်ငံက Gastroscopy ဈေးနှုန်း
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Phyathai Nawamin Hospital ရဲ့ Endoscopy Package ဈေးနှုန်းများကို ဥပမာပြောပြရရင် — အစာအိမ်မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း (Gastroscopy) က 17,900 ဘတ် (မြန်မာကျပ် ၂၃ သိန်းခန့်) ဖြစ်ပြီး၊ အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း (Colonoscopy) ကတော့ 22,900 ဘတ် (မြန်မာကျပ် ၃၀ သိန်းခန့်) ဖြစ်ပါတယ်။ နှစ်ခုလုံးကို တစ်ခါတည်း ပူးတွဲစစ်ဆေးချင်ရင်တော့ အစာအိမ်နှင့်အူလမ်းကြောင်း ပူးတွဲစစ်ဆေးခြင်း (Gastro-Colonoscopy) အဖြစ် 30,900 ဘတ် (မြန်မာကျပ် ၄၀ သိန်းခန့်) နဲ့ စစ်ဆေးနိုင်ပါတယ်။ ဒီဈေးနှုန်းတွေမှာ ဆရာဝန်ခ ပါဝင်ပြီးသားဖြစ်ပါတယ်။
မြန်မာပြည်တွင်း Private Hospital တွေနဲ့ ဈေးနှုန်း သိပ်မကွာပါဘူး။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ...
✅ JCI Accredited/ISO standard အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု ဆေးရုံတွေ
✅ နောက်ဆုံးပေါ် HD Endoscope စက်ကိရိယာများ
✅ မြန်မာစကားပြန် ဝန်ထမ်းတွေရှိသလို
✅ ရလဒ် အဖြေကို အမြန်သိရပါတယ် (တစ်ရက်အတွင်း)
🛡️ ကာကွယ်နည်း
H. pylori ရှိမရှိ စစ်ပြီး ၊ ရှိရင် ကုသပါ
ဆေးလိပ်ဖြတ်ပါ၊ အရက်လျှော့ပါ
ပူစပ်တဲ့အစားအစာ၊ အသားကင်တွေ လျှော့စားပါ
အသီးအရွက် များများစားပါ
အသက် 40 ကျော်ရင် ပုံမှန်စစ်ဆေးပါ
📌 ကျနော့်အကြံပေးချက်
"အစာအိမ်အနာတိုင်း ကင်ဆာမဟုတ်ပါဘူး။ ဒါပေမယ့် ကင်ဆာအားလုံးက အစာအိမ်အနာနဲ့ စပါတယ်။"
အစောပိုင်းမှာ စစ်ဆေးတွေ့ရှိရင် ကုသပျောက်ကင်းနိုင်ခြေ 90% ကျော်ပါတယ်။ နောက်ကျမှ လာရင်တော့... ငွေကုန်၊ အချိန်ကုန်၊ အသက်ပါ ဆုံးရှုံးနိုင်ပါတယ်။
"ဆရာဝန်ဆီ သွားရတာ ကြောက်တယ်" ဆိုတဲ့ စိတ်ကြောင့် အသက်မဆုံးပါစေနဲ့။
⚠️ Disclaimer:
ကျနော် ကင်ဆာ အထူးကု ဆရာဝန်မဟုတ်ပါဘူး၊ သာမာန် ဆရာဝန်တစ်ယောက်ပါ။ ထိုင်းနိုင်ငံမှာ ကင်ဆာနဲ့ပတ်သက်ပြီး ဆေးကု/ဆေးစစ်ချင်တဲ့ မြန်မာလူနာများအတွက် ဝန်ဆောင်မှုပေးနေတဲ့သူပါ။
#MediTour #ထိုင်းဆေးကုသရေး #အစာအိမ်ကင်ဆာ #GastricCancer #Gastroscopy #ချင်းမိုင်ဆေးရုံ #မြန်မာလူနာ #ကင်ဆာစစ်ဆေးခြင်း #EarlyDetectionSavesLives #ThailandMedicalTourism #DrTun