MediTour Thailand
ပင်မ / ဆောင်းပါး
ထိုင်းမှာ ဆေးစစ်ဖို့ စဉ်းစားနေသူတွေ ဒီ Data ကို ကြည့်ပါ 👇

ထိုင်းမှာ ဆေးစစ်ဖို့ စဉ်းစားနေသူတွေ ဒီ Data ကို ကြည့်ပါ 👇

Dr. Zin Min Tun • MediTour Thailand

ထိုင်းမှာ ဆေးစစ်ဖို့ စဉ်းစားနေသူတွေ ဒီ Data ကို ကြည့်ပါ 👇

ကင်ဆာ တစ်မျိုး ရှိပါတယ် —
လက္ခဏာ မပြဘူး။
နာကျင်မှု မရှိဘူး။
သိလိုက်ချိန်မှာ နောက်ကျနေပြီ 😔
သူ့နာမည်က — အူမကြီးကင်ဆာ (Colorectal Cancer)
"Silent Killer" လို့ ခေါ်ပါတယ်။

🇲🇲 မြန်မာ့ ကိန်းဂဏန်း (GLOBOCAN 2022) —
📌 ၂၀၂၂ တစ်နှစ်တည်းမှာ အူမကြီးကင်ဆာ အသစ် ၂,၇၀၉ ဦး
📌 အမျိုးသားတွေမှာ အဖြစ်များဆုံး ကင်ဆာ Top 5 ထဲ ပါဝင်
📌 ရန်ကုန် လေ့လာချက်အရ — လူနာတွေရဲ့ 34% က အသက် ၄၀ အောက်
ကမ္ဘာ့ပျမ်းမျှ က ၃% ပဲ ရှိတာမှာ…
မြန်မာမှာ ၁၀ ဆကျော် ပိုများ တယ်ဆိုတာ ထိတ်လန့်စရာပါ 🚨

ပြီးတော့ ဒီဂဏန်း ကို ကြည့်ပါ —
🟢 Stage 1 မှာ တွေ့ရင် → 90% အသက်ရှင်
🔴 Stage 4 မှာ တွေ့ရင် → 10% ပဲ အသက်ရှင်
တူညီတဲ့ ရောဂါပါပဲ။ ဘယ်အချိန် တွေ့သလဲ ဆိုတာက အသက် ကို ဆုံးဖြတ်ပါတယ်။
"ငါ ငယ်သေးတယ်၊ ကင်ဆာ မဖြစ်နိုင်ဘူး" ဆိုတဲ့ အတွေးက —
အန္တရာယ် အကြီးဆုံး အတွေး ပါ။

⚕️ ကျနော် ကင်ဆာ အထူးကု ဆရာဝန်မဟုတ်ပါဘူး ၊ သာမာန် ဆရာဝန်တစ်ယောက်ပါ။ ထိုင်းနိုင်ငံမှာ ကင်ဆာ နဲ့ပတ်သက်ပြီး ဆေးကု/ဆေးစစ် ချင်တဲ့ သူတွေ အတွက် ဝန်ဆောင်မှု ပေးနေတဲ့ သူပါ။

ကျန်းမာရေး စစ်ဆေးချင်ပါသလား?

MediTour မှတဆင့် စီစဉ်ပေးပါမယ်

Messenger မှာ ဆက်သွယ်ပါ