ဒူးနာ ၊ ဒူးကိုက် ၊ လမ်းလျှောက်ရတာ ခက်နေတယ်... ဒီတော့ ဘယ်လိုလုပ်မလဲ?
ဒူးနာတာ ဆိုတာ — အသက်ကြီးလာတဲ့ လူတိုင်းနီးပါး တစ်ချိန်ချိန်မှာ ကြုံရတတ်တဲ့ ဝေဒနာပါပဲ။
ဒါပေမဲ့ "ဒူးနာတာ အသက်ကြီးလို့ပါ" ဆိုပြီး သေချာမကုဘဲ ခံနေကြတဲ့ လူနာတွေ ကျနော် အများကြီး တွေ့ဖူးတယ်။
လမ်းလျှောက်ရင် နာတယ်... လှေကားတက်ရတာ ခက်တယ်... ထိုင်ရာကနေ ထရတာ အင်အားစိုက်ရတယ်...
ဒါတွေ ခဏခဏ ခံစားနေရတယ်ဆိုရင် — ဒူးအဆစ် ယိုယွင်းနေပြီ ဖြစ်နိုင်ပါတယ်
———
🦴 ဒူးအဆစ် ယိုယွင်းခြင်း (Osteoarthritis) ဆိုတာ ဘာလဲ?
ဒူးဆစ်ထဲမှာ အရိုးနဲ့ အရိုးကြားမှာ ရှိတဲ့ အရိုးနုနု (Cartilage) ဆိုတာ ရှိပါတယ်။ ဒီအရိုးနုက ဒူးဆစ် လှုပ်ရှားတိုင်း အရိုးချင်းမပွတ်အောင် ကာကွယ်ပေးတဲ့ cushion ပါ။
အသက်ကြီးလာတာနဲ့အမျှ — ဒီ cushion က ပါးလာတယ်... ပျက်စီးလာတယ်... နောက်ဆုံး အရိုးချင်း တိုက်ရိုက်ပွတ်တိုက် ပြီး နာကျင်ခြင်း ဖြစ်လာတယ်
အဆိုးဆုံးအဆင့်ရောက်ရင် — ဆေးသောက်လည်း မသက်သာတော့ဘူး... ထိုးဆေးလည်း ခဏပဲ... ဒီအခါမှာ ဒူးအဆစ် အစားထိုးခွဲစိတ်ခြင်း (Knee Replacement) က အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်လာတယ်
———
🎯 ဘယ်သူတွေ Knee Replacement လုပ်သင့်သလဲ?
✅ အသက် ၅၅-၇၀+ — ဒူးဆစ်ဝေဒနာ နှစ်ရှည်ခံနေရသူ
✅ လမ်းလျှောက်ရတာ ခက်ခဲပြီး နေ့စဉ်ဘဝထိ ထိခိုက်နေသူ
✅ ဆေးသောက်၊ ကာယကုထုံး လုပ်ပြီး မသက်သာတော့သူ
✅ X-ray မှာ အရိုးချင်းပွတ်နေပြီ (bone-on-bone) ဖြစ်နေသူ
✅ ဒူးကွေး/ဆန့် ရတာ ကန့်သတ်ချက် ရှိနေသူ
———
🏥 ထိုင်းမှာ Knee Replacement — ဘယ်လိုလုပ်ပေးလဲ?
ယိုယွင်းနေတဲ့ ဒူးအဆစ် အရိုးနုနဲ့ အရိုးမျက်နှာပြင်ကို ဖယ်ရှားပြီး — သတ္တုနဲ့ ဆေးဘက်ဆိုင်ရာ နည်းပညာနဲ့ လုပ်ထားတဲ့ အစားထိုး (Implant) ကို တပ်ဆင်ပေးတယ်။ ခွဲစိတ်ပြီးရင် ဒူးဆစ်က ပုံမှန် လှုပ်ရှားနိုင်ပြီး နာကျင်မှု သိသိသာသာ သက်သာသွားတယ်
ကမ္ဘာတစ်ဝှမ်းမှာ Knee Replacement လုပ်ပြီး ၆ လအတွင်း — လူနာ ၉၅% ကျော် နာကျင်မှု သိသာစွာ သက်သာပြီး လမ်းလျှောက်ရတာ ပြန်ကောင်းလာကြပါတယ်။ Implant survival rate ကလည်း ၉၈.၈% ရှိပါတယ်
———
💰 ကုန်ကျစရိတ် — Phyathai Nawamin ဆေးရုံ (ဘန်ကောက်)
တဖက်တည်း အစားထိုး (4 ရက်/3 ည) — ฿270,000 (မြန်မာကျပ် ≈ ၃,၅၁ သိန်း)
၂ဖက်စလုံး အစားထိုး (6 ရက်/5 ည) — ฿450,000 (မြန်မာကျပ် ≈ ၅,၈၅ သိန်း)
Package ထဲမှာ ခွဲစိတ်ခ၊ ဆရာဝန်ခ၊ မေ့ဆေးဆရာဝန်ခ၊ ဆေးရုံအခန်းခ၊ သူနာပြုဝန်ဆောင်မှု၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ ပါဝင်ပြီးသားပါ။
⚠️ ခွဲစိတ်မတိုင်မီ ကျန်းမာရေးစစ်ဆေးခနဲ့ နောက်ဆက်တွဲကုသမှုစရိတ် သီးသန့်ကျသင့်ပါတယ်။ Package သက်တမ်း — ၂၀၂၆ ဒီဇင်ဘာ ၃၁ ရက်အထိ
———
⏰ ခွဲစိတ်ပြီး ပြန်ကောင်းလာမှု
ပထမ ၁-၂ ရက်မှာ ကာယကုထုံးပညာရှင် Physiotherapist ကြီးကြပ်မှုအောက် ခြေထောက်လှုပ်ရှားခြင်း စတင်ပြီး — ၃-၅ ရက်မှာ ဆေးရုံမှ ဆင်းနိုင်ပါတယ်။ Walker ဖြင့် လမ်းလျှောက်နိုင်ပါပြီ။
၁-၂ ပတ်အတွင်း နာကျင်မှုနဲ့ ရောင်ရမ်းမှု သိသာစွာ ကျဆင်းလာပြီး — ၄-၆ ပတ်မှာ ကိုယ့်ဘာသာ လမ်းလျှောက်နိုင်ကာ နေ့စဉ်လုပ်ရိုးလုပ်စဉ် ပြန်လုပ်နိုင်ပါတယ်။ ၃-၆ လအတွင်း ဒူးဆစ် ပြည့်ဝစွာ ပြန်ကောင်းလာပြီး ပုံမှန်ဘဝ ပြန်ရောက်ပါတယ်
———
❓ မေးလေ့ရှိတဲ့ မေးခွန်းများ
ခွဲစိတ်တာ ကြောက်စရာ ကြီးလား?
ခေတ်မီနည်းပညာတွေနဲ့ လုပ်တဲ့အတွက် ခွဲစိတ်ရာ သေးငယ်ပြီး သွေးထွက်နည်းတယ် ၊ ပြန်ကောင်းတာ မြန်ပါတယ်
Implant ဘယ်နှစ်နှစ် ခံလဲ?
ခေတ်မီ implant တွေက ၁၅-၂၀ နှစ်နဲ့အထက် ခံပါတယ်
ထိုင်းမှာ ဘယ်နှစ်ရက် နေရမလဲ?
ဆေးရုံမှာ ၃-၅ ရက် + စစ်ဆေးမှုအတွက် ထပ်နေရတာ — စုစုပေါင်း ၇-၁၀ ရက်ခန့်
———
ကျနော့်အကြံပေးချက် 🙏
ဒူးနာတာ ပေခံနေတဲ့ ဦးလေးတွေ ၊ အဒေါ်တွေ — "အသက်ကြီးလို့ပါ ခံလိုက်မယ်" ဆိုပြီး မနေပါနဲ့။ ခွဲစိတ်လုပ်ပြီးရင် ပြန်လမ်းလျှောက်ရတာ သက်သာသွားမယ်... ဘဝအရည်အသွေး ပိုကောင်းလာမယ်... နောက်မကျပါစေနဲ့
🏥 MediTour ဝန်ဆောင်မှုများ
✅ ထိုင်းဆေးရုံများနဲ့ ချိတ်ဆက်ပေး
✅ မြန်မာဘာသာပြန် အခမဲ့စီစဉ်ပေး
✅ မြန်မာဆရာဝန်က ဘာသာပြန် + report ရှင်းပြ
✅ ချင်းမိုင်ဆိုရင် ကျနော် ကိုယ်တိုင် ဆေးရုံအထိ လိုအပ်ရင် လိုက်ပေးနေပါတယ်
📩 Messenger မှာ ဆက်သွယ်ပါ — ကျနော် ပြန်ဆက်သွယ်ပေးပါမယ်
