MediTour Thailand
ပင်မ / ဆောင်းပါး
အသည်းရောင် အသားဝါ B ပိုးရှိတဲ့ ၁၀ ယောက်မှာ ၁ ယောက် — အသည်းကင်ဆာ ဖြစ်နိုင်တယ်ဆိုတာ သိပါသလား?

အသည်းရောင် အသားဝါ B ပိုးရှိတဲ့ ၁၀ ယောက်မှာ ၁ ယောက် — အသည်းကင်ဆာ ဖြစ်နိုင်တယ်ဆိုတာ သိပါသလား?

Dr. Zin Min Tun • MediTour Thailand

အသည်းရောင် အသားဝါ B ပိုးရှိတဲ့ ၁၀ ယောက်မှာ ၁ ယောက် — အသည်းကင်ဆာ ဖြစ်နိုင်တယ်ဆိုတာ သိပါသလား?

"ကိုယ်ကနေကောင်းနေတယ်... ဘာမှ မခံစားရဘူး" — ဒီစကားကြောင့်ပဲ အသည်းကင်ဆာ ဖြစ်တဲ့သူ အများစုက နောက်ကျမှ သိကြပါတယ်။

မြန်မာပြည်မှာ အသည်းရောင် အသားဝါ Hepatitis B ပိုးကူးစက်မှု အဖြစ်များပါတယ်။ ဒီပိုးက အသည်းမှာ တိတ်တဆိတ် ကျန်ရှိနေပြီး နှစ်ပေါင်းများစွာ ကြာတဲ့အခါ —

🔴 Hepatitis B ပိုး → Liver Cirrhosis (အသည်းခြောက်) → Liver Cancer (အသည်းကင်ဆာ)

ဒီ ပုံစံ က မြန်မာလူမျိုးတွေမှာ အဖြစ်အများဆုံးပါ။

───

အသည်းကင်ဆာ က အဆင့်ပေါ်မူတည်ပြီး ကွာခြားသွားပါတယ် ။

Stage 1-2 (သေးငယ်တဲ့ အဆင့်) — စောစောတွေ့ပြီး ကုသနိုင်ရင် ၅ နှစ် အသက်ရှည်နှုန်း 36% ကျော်

Stage 3-4 (ကျဲ့ပြန့်သွားပြီ) — ၅ နှစ် အသက်ရှည်နှုန်း 3% ပဲ ရှိတော့တယ်

ကွာခြားချက် ၁၀ ဆ — ပြောင်းလဲချင်ရင် စောစောစစ်မှ ရပါတယ်။

───

ဘယ်သူတွေ အသည်း ကင််ဆာ စစ်ဆေးသင့်လဲ ဆိုရင် ....

ဒီ group ထဲက ကိုယ်က ပါနေရင် စစ်ဆေးဖို့ အရေးကြီးပါတယ် —

✅ အသည်းရောင် အသားဝါ B သို့မဟုတ် C ပိုး ရှိနေသူ
✅ အသည်းဆိုင်ရာ ရောဂါ ရှိသူ
✅ မိသားစုထဲမှာ အသည်းကင်ဆာ ရှိဖူးသူ
✅ အဝလွန်ပြီး ဆီးချိုပါရှိတဲ့ သူ
✅ ၅ နှစ်ကျော် အရက် နေ့တိုင်း သောက်တတ်သူ
✅ အသက် ၄၀ ကျော်သူ

───

ကိုယ်က ထိုင်းနိုင်ငံမှာ ဆေးစစ်ချင်တယ် ဆိုရင်

ချင်းမိုင် RAM ဆေးရုံမှာ အသည်းကင်ဆာ ကြိုတင်စစ်ဆေးမှု package ရှိပါတယ် —

💉 Liver Cancer + Fatty Liver Screening Package
📍 ချင်းမိုင် RAM ဆေးရုံ
💰 9,590 ဘတ် (မြန်မာကျပ်1,246,700 ကျပ်ခန့်)

ပါဝင်တာတွေက —
• Fibroscan (အသည်းမာကြောမှု တိုင်းတာ)
• Liver Cancer ဖြစ်နိုင်ချေ သွေးစစ် (AFP)
• အသည်းလုပ်ဆောင်ချက် စစ်ဆေးခြင်း
• ဆရာဝန်နဲ့ တိုက်ရိုက် ဆွေးနွေးမှု
• ၆ လ တစ်ကြိမ် x ၄ ကြိမ် ပက်ကေ့

ဒါမှမဟုတ် — Liver Scan တစ်ကြိမ်ပဲ စစ်မယ်ဆိုရင်
💰 2,500 ဘတ် (မြန်မာကျပ် 325,000 ကျပ်ခန့်) ပဲ ကုန်ပါတယ်

───

မေးလေ့ မေးထ မေးခွန်းတွေ

Q: ကိုယ်ကျန်းမာနေတာ — စစ်ဖို့ လိုသေးသလား?
A: လိုပါတယ် — အသည်းကင်ဆာ ပထမ stage တွင် လက္ခဏာ မပြပါ။ "နေလို့ကောင်းနေတယ်" ဆိုတာ ကင်ဆာ မရှိဘူးဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါ။

Q: Hepatitis B ပိုး ရှိတယ်ဆိုတာ ကင်ဆာ ဖြစ်မှာ သေချာသလား?
A: မသေချာပါ — ဒါပေမဲ့ risk ဆယ်ဆ မြင့်ပါတယ်။ ၆ လ တစ်ကြိမ် ultrasound + AFP စစ်ပေးရင် early stage မှာ ဖမ်းမိနိုင်တယ်။

Q: ဆေးရုံကို ဘာသာပြန် ရှိမလား?
A: MediTour ကနေ မြန်မာဘာသာပြန် အခမဲ့ စီစဉ်ပေးပါတယ်။

───

ကျနော့်အကြံပေးချက်

Hepatitis B ပိုးရှိတဲ့ အကို၊ ညီမ၊ အစ်မ တွေ — ၆ လ တစ်ကြိမ် မပျက်မကွက် စစ်ဆေးသင့်ပါတယ်။

ဒါဟာ recommendation မဟုတ်ဘဲ WHO လမ်းညွှန်ချက် ဖြစ်ပါတယ်။

"ကျနော်တို့ နေ့တိုင်း အသည်းကင်ဆာ ဖြစ်တဲ့ case တွေ တွေ့နေရတယ် — နောက်ကျတဲ့ stage မှ ရောက်လာတာတွေ အများကြီး ပါ"

နောက်မကျပါစေနဲ့ 🙏

───

🏥 ထိုင်းမှာ ဆေးစစ်/ဆေးကုချင်ရင် MediTour ကနေ ကူညီပေးပါမယ် —

✅ ချင်းမိုင် / ဘန်ကောက် ဆေးရုံကောင်းတွေနဲ့ ချိတ်ဆက်ပေး
✅ မြန်မာဘာသာပြန် အခမဲ့ စီစဉ်ပေး
✅ Report ရှင်းပြ + ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို မြန်မာလိုဖြင့် ပြန်ချပေး
✅ ချင်းမိုင်ဆိုရင် ကျနော် ကိုယ်တိုင် ဆေးရုံအထိ လိုအပ်ရင် လိုက်ပေးနေပါတယ်

📩 Messenger မှာ ဆက်သွယ်ပါ — ကျနော် ပြန်ဆက်သွယ်ပေးပါမယ်

ကျန်းမာရေး စစ်ဆေးချင်ပါသလား?

MediTour မှတဆင့် စီစဉ်ပေးပါမယ်

Messenger မှာ ဆက်သွယ်ပါ