MediTour Thailand
ပင်မ / ဆောင်းပါး
ဒူးကျီးပေါင်း (Meniscus) ပြဿနာ — ထိုင်းမှာ ကုသနည်း လမ်းညွှန်

ဒူးကျီးပေါင်း (Meniscus) ပြဿနာ — ထိုင်းမှာ ကုသနည်း လမ်းညွှန်

Dr. Zin Min Tun • MediTour Thailand

ဒူးတွေ ကိုက်တယ် — ခြေထောက်ကို ကွေးရင် "ဂလောက်" ဆိုပြီး အသံထွက်တယ် — လမ်းလျှောက်ရင် ဒူးက နေရာမကျသလို ခံစားရတယ်

ဒီလက္ခဏာတွေ ရှိရင် — "ရိုးရိုး ဒူးနာ" ထက် ဒူးကျီးပေါင်း (Meniscus) ပြဿနာ ဖြစ်နေနိုင်ပါတယ်

───

ဒူးကျီးပေါင်း ဆိုတာ ဘာလဲ?

ဒူးအဆစ်ထဲမှာ အရိုး ၂ ခု ကြားထဲ ခံပေးနေတဲ့ C ပုံစံ အရိုးနု တစ်ရှူး ရှိပါတယ် — ဒါကို Meniscus လို့ ခေါ်ပါတယ်

C ပုံစံ အရိုးနု တစ်ရှူး ရဲ့ အလုပ်က —
✅ ဒူးအဆစ်ကို shock absorber လုပ်ပေးတယ်
✅ အရိုးချင်း တိုက်ရိုက် ပွတ်တိုက်မှု ကာကွယ်ပေးတယ်
✅ ဒူးကို stable ဖြစ်အောင် ကူညီပေးတယ်

ဒီ Meniscus အရိုးနု တစ်ရှူး စုတ်/ပြဲ သွားရင် — ဒူးနာ + ရောင် + လမ်းလျှောက် အခက်အခဲ ဖြစ်လာပါတယ်

───

ဘယ်သူတွေ ဖြစ်တတ်လဲ?

🔴 အသက် ၃၀ ကျော် ပြီးရင် — အရိုးနု တစ်ရှူး သဘာဝအလျောက် ယိုယွင်းလာ
🔴 အဝလွန်သူ — ကိုယ်အလေးချိန်ကြောင့် ဒူးအပေါ် ဝန်ပိ
🔴 အားကစားသမား — ပြေးတာ၊ ခုန်တာ၊ ကန်တာ → Meniscus tear risk
🔴 ထိုင်ခုံထိုင်လုပ်ကြတဲ့ office worker — ဒူးကို ကြာကြာ ကွေးထားလို့
🔴 ဒူးခေါင်း ထိခိုက်ဖူးသူ — အရင်ဒဏ်ရာကြောင့်

───

ဒူးကျီးပေါင်း ပြဿနာ ရဲ့ အဆင့်တွေ

Grade 1-2 (မစိုးရိမ်ရသေး)
→ အရိုးနု တစ်ရှူး အနည်းငယ် ယိုယွင်း
→ ဒူးနာ — ဒါပေမယ့် နားလိုက်ရင် သက်သာ
→ ကုသမှု: ဆေးသောက်/ထိုး + Physiotherapy + PRP (Platelet-Rich Plasma) injection

Grade 3 (စိုးရိမ်ရပြီ)
→ အရိုးနု တစ်ရှူး စုတ်ပြဲ/ဆုတ်
→ ဒူးက ရောင် + အရည်စု + လမ်းလျှောက် ခက်
→ ကုသမှု: Arthroscopy (ဒူးမှန်ပြောင်း ခွဲစိတ်) — ကျီးပေါင်း ပြုပြင်/ဖယ်ရှား

Grade 4 (အဆိုးဆုံး)
→ အရိုးနု တစ်ရှူး ကုန်ပြီ — အရိုးချင်း ပွတ်တိုက်နေ
→ ကုသမှု: Knee Replacement (ဒူးအစားထိုး)

⚠️ အရေးကြီးတာက — Grade 1-2 မှာ ကု/စစ်ရင် ခွဲစိတ် မလိုသေးဘဲ သက်သာစေနိုင်
Grade 3-4 ဖြစ်မှ ခွဲစိတ် လိုတတ်ပါတယ်

───

ကုန်ကျစရိတ် ကိစ္စ

ဒူးကျီးပေါင်း ကုသမှု ကုန်ကျစရိတ်က လူနာရဲ့ အခြေအနေပေါ် မူတည်ပါတယ် — Grade ဘယ်လောက်ရောက်နေလဲ၊ ခွဲစိတ် လိုလား/မလိုလား၊ ဘယ် ကုသနည်း သင့်တော်လဲ ဆိုတာ ဆရာဝန် စစ်ကြည့်ပြီးမှ တိကျတဲ့ ဈေးနှုန်း ပြောနိုင်ပါတယ်

Grade 4 ဖြစ်ပြီး ဒူးဆစ်အစားထိုး (Knee Replacement) လိုအပ်ရင်တော့ —
ဘန်ကောက်က Phyathai Nawamin ဆေးရုံကြီးမှာ
— တဖက်တည်း အစားထိုး ฿270,000 (၃၅၁ သိန်း ကျပ်)
— ၂ ဖက်စလုံး အစားထိုး ฿450,000 (၅၈၅ သိန်း ကျပ်)

ဒူးကျီးပေါင်း စစ်ဆေးမှု/ကုသမှု ဈေးနှုန်း အသေးစိတ် သိချင်ရင် 📩 Messenger မှာ မေးမြန်းနိုင်ပါတယ် — လူနာရဲ့ အခြေအနေပေါ် မူတည်ပြီး ဆေးရုံက တိကျတဲ့ quote ထုတ်ပေးပါမယ်

───

ကျနော့်အကြံပေးချက်

ဒူးနာတာ ကြာနေပြီ — ဆေးသောက်လည်း သက်သာခဏပဲ — ဒီလိုဆိုရင် ဒူးကျီးပေါင်း ပြဿနာ ဖြစ်နေနိုင်ခြေ မြင့်ပါတယ်

ဒူးနာတာကို "အသက်ကြီးလို့ပါ" ဆိုပြီး အချိန်ဆွဲနေရင် —
ကျီးပေါင်း ပိုဆိုးလာမယ်
Grade 4 ဆိုရင် ဒူးဆစ်အစားထိုး ฿270,000+ ကုန်မယ်
အစောပိုင်း စစ်ပြီး ကုရင် ခွဲစိတ် မလိုဘဲ သက်သာစေနိုင်တယ်

နောက်မကျပါစေနဲ့ 🙏

ဒူးပြဿနာ ရှိနေရင် — MRI စစ်ပြီး ဘာအဆင့် ရောက်နေလဲ သိဖို့ ထိုင်းဆေးရုံမှာ စစ်ကြည့်ပါ

───

MediTour ဝန်ဆောင်မှုတွေ —
✅ ဆေးရုံချိတ်ဆက်ပြီး ရက်ချိန်းစီစဉ်ပေး
✅ မြန်မာ ဘာသာပြန် အခမဲ့စီစဉ်ပေး
✅ မြန်မာဆရာဝန်က စစ်ဆေးရလဒ် ရှင်းပြပေး
✅ ချင်းမိုင်ဆိုရင် ကျနော် ကိုယ်တိုင် ဆေးရုံအထိ လိုက်ပေးနေပါတယ် (extra fees တော့ရှိပါတယ်)

📩 Messenger မှာ ဆက်သွယ်ပါ — ကျနော် ပြန်ဆက်သွယ်ပေးပါမယ်

───

ကျန်းမာရေး စစ်ဆေးချင်ပါသလား?

MediTour မှတဆင့် စီစဉ်ပေးပါမယ်

Messenger မှာ ဆက်သွယ်ပါ